ယေဇကျေလ 40:29Common Language Bibleထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။- အခန်းကိုကြည့်ပါ။ |
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-