Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:21

Common Language Bible

လမ်း​၏​ဝဲ​ယာ​သုံး​ခန်း​စီ​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ ထို​အ​ခန်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​နှင့်​အ​ဝင်​ခန်း​တို့​သည် အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​တူ​ညီ​၏။ ထို​လမ်း​သည်​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထို​သူ​သည်​ငါ့​အား​တောင်​မျက်​နှာ​သို့​ခေါ်​ဆောင်​သွား​ရာ ငါ​တို့​သည်​ထို​အ​ရပ်​တွင်​အခြား​မုခ်​ပေါက်​တစ်​ခု​ကို​မြင်​ရ​ကြ​၏။ သူ​သည်​ထို​မုခ်​ပေါက်​၏​အ​တွင်း​နံ​ရံ​နှင့်​အ​ဝင်​ခန်း​ကို​တိုင်း​တာ​ကြည့်​၏။ ယင်း​တို့​သည်​အ​ခြား​မုခ်​ပေါက်​နှင့်​အဆောင်​များ​နည်း​တူ​ပင်​ဖြစ်​၏။-

ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ