ယေဇကျေလ 40:10Common Language Bible(မုခ်ပေါက်လမ်းကြား၏ဝဲယာတွင်ရှိသောအစောင့်တပ်သားတို့၏အခန်းသုံးခန်းစီသည် အရွယ်ပမာဏချင်းတူညီကြ၏။ ယင်းတို့ကိုပိုင်းခြားထားသည့်နံရံများသည်လည်းထုချင်းတူညီကြ၏။) အခန်းကိုကြည့်ပါ။ |
ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-