Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:1

Common Language Bible

နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။-

နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-

``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌ ဘု​ရား​သ​ခင် ၏​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​ပင့်​တော်​မူ ပြီး​လျှင် ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​ရှိ​ရာ ဗာ​ဗု​လုန်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​၏။ ထို​နောက်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​မှေး မှိန်​၍​သွား​လေ​သည်။-

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့ ၌​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။-

ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​အ​ရှိန် ကို​တွေ့​ထိ​ခံ​စား​ရ​၍​ကိုယ်​တော်​က​ငါ့ အား``ထ​၍​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​လော့။ ထို အ​ရပ်​တွင်​သင့်​အား​ငါ​မိန့်​ကြား​မည်'' ဟု မိန့်​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၏။

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌ ယေ​ရု​ရှ​လင်​မြို့​မှ​လွတ်​မြောက်​လာ​သူ​တစ် ယောက်​သည်​လာ​၍​ငါ့​အား​ယေ​ရု​ရှ​လင် မြို့​ရန်​သူ​လက်​သို့​ကျ​ရောက်​သွား​သည့် အ​ကြောင်း​ကို​ပြော​ပြ​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ငါ့​ကို လွှမ်း​မိုး​၍​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ငါ့ ကို​ဆောင်​သွား​ပြီး​လျှင်​အ​ရိုး​များ​ဖြင့်​ဖုံး လွှမ်း​နေ​သည့်​ချိုင့်​ဝှမ်း​တွင်​ချ​ထား​တော် မူ​၏။-

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​ခြောက်​နှစ်​မြောက်၊ ဆ​ဋ္ဌ​မ​လ၊ ပဉ္စ​မ​နေ့​၌​ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည်​ငါ​၏​အိမ်​တွင်​ထိုင်​၍​ငါ​နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​စဉ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရုတ်​တ​ရက်​ငါ​၏​အ​ပေါ်​သို့​ကျ​ရောက်​လာ​၏။-

သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ