Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 4:14

Common Language Bible

သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​သိုး၊ နွား​တို့​မှ​သား​ဦး​ပေါက်​များ​ကို လည်း​ငါ့​အား​ဆက်​ကပ်​ရ​မည်။ သိုး​နွား​သား​ဦး ပေါက်​များ​သည်​သူ​တို့​၏​မိ​ခင်​နှင့်​အ​တူ​ခု​နစ် ရက်​နေ​စေ​၍ အ​ဋ္ဌ​မ​နေ့​တွင်​ထို​သိုး​နွား​များ ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။

``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သား​ရဲ​များ​ကိုက်​သတ်​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ ထို​အ​သား​ကို​ခွေး​တို့​အား​ကျွေး လော့။

ညဥ့်​အ​ခါ​၌​သူ​တို့​သည်​ဂူ​များ​သင်္ချိုင်း​တွင်း များ​သို့​သွား​၍​သူ​သေ​ဝိ​ညာဉ်​များ​နှင့်​နှီး နှော​တိုင်​ပင်​ကြ​၏။ သူ​တို့​သည်​ဝက်​သား​ကို စား​၍​သူ​တို့​၏​အိုး​များ​တွင် မ​သန့်​ရှင်း သော​အ​သား​ပြုတ်​ရည်​ရှိ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ရုပ်​တု​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​နှင့်​ဥ​ယျာဉ်​နတ်​ကွန်း​များ​သို့ သွား​ရောက်​ရန်​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​သန့် စင်​မှု​ပြု​သူ​များ၊ ဝက်​သား​ကြွက်​သား​နှင့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​စား အ​စာ​များ​ကို​စား​သုံး​သူ​များ​ပျက်​သုဉ်း ရ​မည့်​အ​ချိန်​ကာ​လ​သည်​နီး​ကပ်​လာ​လေ ပြီ။-

ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။

ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​လို​အ​လျောက် ဖြစ်​စေ၊ သား​ရဲ​ကိုက်​၍​သေ​သော​ငှက်​သို့​မ ဟုတ်​တိ​ရစ္ဆာန်​၏​အသား​ကို​ဖြစ်​စေ​မ​စား ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။

ယင်း​သို့​ထို​သူ​တို့​သတ်​ဖြတ်​နေ​ကြ​ချိန် ၌​ငါ​သည်​တစ်​ယောက်​တည်း​ကျန်​ခဲ့​၏။ ငါ သည်​မြေ​ပေါ်​သို့​လှဲ​ချ​ပျပ်​ဝပ်​ကာ``အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ကျန်​ရှိ​သ​မျှ​သော​လူ​တို့​ကို​သတ် ဖြတ်​စေ​သည့်​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​တော်​မူ​ပါ​သ​လော'' ဟု​ဟစ် အော်​လျှောက်​ထား​၏။

ဒံ​ယေ​လ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သောက်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ​မ​ညစ်​ညမ်း​စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ပြီး​လျှင် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​၏​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​လေ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား သား​ဖြစ်​စေ၊ ဋ္ဌမ္မ​တာ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​၏​အ​သား သို့​မ​ဟုတ်​သား​ရဲ​ကိုက် သတ်​၍​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား လျှင် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​စောင့်​ဆိုင်း ပြီး​မှ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။-

သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။

``အ​လို​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင် သော​လူ​မျိုး​ခြား​တို့​အား ထို​အ​သား​ကို​စား ခွင့်​ပြု​နိုင်​၏။ သို့​မ​ဟုတ်​ထို​အ​သား​ကို​လူ​မျိုး ခြား​တို့​အား​ရောင်း​ခွင့်​ရှိ​သည်။ သင်​တို့​ကို​မူ ကား သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏ လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ``သိုး​က​လေး​သို့​မ​ဟုတ်​ဆိတ်​က​လေး​ကို ယင်း​၏​အ​မိ​နို့​ရည်​၌​မ​ချက်​မ​ပြုတ်​ရ။''

``ထာ​ဝ​ရ​ဘု​ရား​က​မ​သန့်​ဟု​သတ်​မှတ်​သော တိ​ရစ္ဆာန်​ဟူ​သ​မျှ​၏​အ​သား​ကို​မ​စား​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ