ရေကိုလည်းအတိုင်းအတာနှင့်တစ်ရက်လျှင် နှစ်ခွက်သာသောက်ရမည်။-
ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
သင်သည်တစ်ရက်လျှင်မုန့်ရှစ်အောင်စမျှ စားနိုင်ခွင့်ရှိ၏။-
သင်သည်လူ၏မစင်ခြောက်ဖြင့်မီးမွှေး၍ ရသောမီးကျီးခဲပေါ်တွင် မုန့်ကိုဖုတ်ကာ လူမြင်ကွင်း၌စားရမည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။-
ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-