ယေဇကျေလ 39:9Common Language Bibleဣသရေလမြို့များတွင်နေထိုင်သူတို့သည် မြို့ပြင်သို့ထွက်၍ ရန်သူများစွန့်ပစ်ထား ခဲ့သည့်လက်နက်များကိုထင်းအဖြစ်စု သိမ်းကြလိမ့်မည်။ သူတို့သည်ခုနစ်နှစ်တိုင် တိုင်မီးဆိုက်နိုင်လောက်အောင် ဒိုင်းလွှား၊ လေး၊ မြား၊ တင်းပုတ်နှင့်လှံများကိုရရှိကြလိမ့် မည်။- အခန်းကိုကြည့်ပါ။ |
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။