Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 39:5

Common Language Bible

သင်​သည်​ကွင်း​ပြင်​ထဲ​တွင်​ကျ​ဆုံး​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-

မြည်း​သေ​ကို​မ​သာ​ချသ​ကဲ့​သို့​သူ့​အား​ဆွဲ​ယူ သွား​ကာ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။

သူ​တို့​သည်​မိ​မိ​တို့​နှစ်​သက်​ကြည်​ညို၊ ဝတ် ပြု​ရှိ​ခိုး၊ နှီး​နှော​တိုင်​ပင်​ခဲ့​ကြ​သည့်​နေ၊ လ၊ ကြယ်​များ​အောက်​တွင်​ထို​အ​ရိုး​တို့​ကို​ဖြန့် ကြဲ​ထား​လိမ့်​မည်။ ယင်း​တို့​ကို​စု​သိမ်း​သင်္ဂြိုဟ် မည့်​အ​စား​မြေ​သြ​ဇာ​သ​ဖွယ်​မြေ​ပေါ်​မှာ ခင်း​ကြ​လိမ့်​မည်။-

ထို​နောက်​ယင်း​သို့​ကပ်​နေ​သည့်​ငါး​များ​နှင့် တ​ကွ သင့်​အား​နိုင်း​မြစ်​ထဲ​မှ​ဆွဲ​ထုတ်​ကာ၊ တော​ကန္တာ​ရ​၌​ပစ်​ထား​မည်။ သင်​၏​အ​လောင်း သည်​မြေ​ပေါ်​သို့​ကျ​လိမ့်​မည်။ သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​မည်​မ​ဟုတ်။ ငှက်​များ၊ တိ​ရစ္ဆာန် များ​၏​အ​စာ​ဖြစ်​စေ​မည်။-

ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။-

တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။-

ဂေါ​ဂ​နှင့်​စစ်​သည်​အ​လုံး​အ​ရင်း​တို့​သည် လည်း​ကောင်း၊ သူ​၏​မ​ဟာ​မိတ်​တို့​သည်​လည်း ကောင်း​ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​ငှက်​ရဲ များ​နှင့်​တော​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ မည်။-

ငါ​သည်​မာ​ဂေါ​ဂ​ပြည်​နှင့်​လူ​တို့​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​လျက်​ရှိ​သည့်​ပင်​လယ်​ကမ်း​ရိုး တန်း​တစ်​လျှောက်​ကို​မီး​သင့်​လောင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​လူ​တိုင်း​သိ​ရှိ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ