Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 39:1

Common Language Bible

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး ဆုံး​မင်း​ဖြစ်​သူ​ဂေါ​ဂ​အား​ရှုတ်​ချ​လော့။ ငါ​သည်​သူ​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​နှင့်​ငါ​နေ​ရ​သည်​မှာ​မေ​ရှက်​ပြည်​၌ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကေ​ဒါ အ​မျိုး​သား​များ​နှင့်​အ​တူ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း​ဆိုး​ရွား​ပါ​၏။

မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-

ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။-

``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-

လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

ငါ​သည်​သူ့​အား​လှည့်​စေ​၍​ဆွဲ​ခေါ်​လာ​မည်။ ဣ​သ​ရေ​လ​တောင်​များ​သို့​ရောက်​သည့်​တိုင် အောင်​မြောက်​မျက်​နှာ​စွန်း​မှ​ခေါ်​ဆောင်​လာ မည်။-

ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည် သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ရ​ထား​များ​ကို​ငါ မီး​ရှို့​ပစ်​မည်။ သင်​၏​စစ်​သည်​တပ်​သား​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တစ်​ပါး တို့​ထံ​မှ သင်​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို​ငါ​ဖယ်​ရှား​မည်။ သင်​၏​သံ​တ​မန် တို့​၏​တောင်း​ဆို​သံ​များ​ကို​ကြား​ကြ​ရ တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။

ဂေါ​ဂ​နှင့်​မာ​ဂေါ​ဂ​ဟု​ခေါ်​သော​ကမ္ဘာ​အ​ရပ်​လေး မျက်​နှာ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား မှောက်​မှား လမ်း​လွဲ​စေ​လျက်​စစ်​တိုက်​ရန်​စု​ဝေး​စေ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မုဒ္ဒရာ သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ