ယင်းတို့ကိုငါကြည့်လျက်နေစဉ်ပင်အရိုး တို့အပေါ်မှာ အကြောများပေါ်လာ၍ အသားတက်လျက်အရေဖုံးလေ၏။ သို့ ရာတွင်အသက်မရှိသေး။
ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူသည့် အတိုင်းဟောပြော၏။ ယင်းသို့ဟောပြောနေ စဉ်တချွတ်ချွတ်မြည်သံကိုငါကြားရ၏။ ထိုနောက်အရိုးတို့သည်တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကြ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ လေအားဟောပြောလော့။ အရပ်ရှစ်မျက်နှာ မှတိုက်ခတ်လာကာဤလူသေကောင်များ ပြန်၍အသက်ရှင်စေရန် ထွက်သက်ဝင်သက် လေကိုမှုတ်သွင်းရန်အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းလေအားဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။