ယေဇကျေလ 37:27Common Language Bibleငါသည်ထိုအရပ်တွင်သူတို့နှင့်အတူကိန်း ဝပ်၍သူတို့၏ဘုရားဖြစ်လိမ့်မည်။ သူတို့ သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့် မည်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။-
ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။ ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။ ``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍ သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-