Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 37:10

Common Language Bible

ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​ဟော​ပြော​၏။ ထို​အ​ခါ​လူ သေ​အ​လောင်း​တို့​သည်​ထွက်​သက်​ဝင်​သက် လေ​ကို​ရ​ရှိ​ကာ​အသက်​ရှင်​လာ​ပြီး​လျှင် မတ်​တတ်​ရပ်​ကြ​ကုန်​၏။ ထို​သူ​တို့​သည် တပ်​မ​တော်​ကြီး​ဖွဲ့​စည်း​လောက်​အောင် များ​ပြား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​သူ​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​ကို​သွင်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဖန်​ဆင်း​ခြင်း​ခံ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကြီး​ကို အ​သစ်​တစ်​ဖန်​ရှင်​သန်​စေ​ပါ​၏။

ထို​နေ​ရာ​တို့​တွင်​နေ​ထိုင်​ကြ​သူ​များ​သည် ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။

ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​၏။ ထို​နေ့​၌​ဒုက္ခ​သည်​တစ်​ဦး​ကဲ့​သို့​ငါ​သည် အ​ထုပ်​အ​ပိုး​ကို​ယူ​ပြီး​နောက်​ည​နေ​ချိန်​မှောင် စ​ပြု​သော​အ​ခါ အိမ်​နံ​ရံ​ကို​လက်​ဖြင့်​တူး ဖောက်​ကာ​ထို​သူ​တို့​၏​ရှေ့​တွင်​အ​ထုပ်​ကို ပ​ခုံး​ပေါ်​သို့​တင်​၏။

ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။-

ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ