ယေဇကျေလ 36:37Common Language Bibleအရှင်ထာဝရဘုရားက``ငါသည်ဤထက် မကပင်ပြုတော်မူမည်။ ဣသရေလအမျိုး သားတို့အားငါ့ထံတွင်တစ်ဖန်အကူအညီ တောင်းခံခွင့်ကိုပေးမည်။ သူတို့အားသိုးအုပ် ကဲ့သို့အရေအတွက်တိုးပွားလာစေမည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။
သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
ထိုအခါထာဝရဘုရားသည်ပျက်စီး ယိုယွင်းနေသောမြို့တို့ကိုပြန်လည်တည် ဆောက်၍ စွန့်ပစ်ထားသောလယ်ယာများကို ပြန်လည်စိုက်ပျိုးတော်မူကြောင်းကိုသေ ဘေးမှလွတ်မြောက်သောနီးနားဝန်းကျင်ရှိ လူမျိုးတို့သိရှိကြလိမ့်မည်။ ငါထာဝရ ဘုရားသည်ဤအမှုကိုပြုမည်ဟု ကတိ ထားတော်မူပြီ'' ဟုမိန့်တော်မူ၏။
``ငါတို့သည်ဗာဗုလုန်မြို့၌ရှိသောအခြား အတိုင်ပင်ခံအရာရှိများနှင့်အတူကွပ်မျက် ခြင်းမခံကြရလေအောင် ကောင်းကင်ဘုံရှင် ဘုရားသခင်သည်ကရုဏာထားတော်မူ၍ ခက်ခဲနက်နဲသောအိပ်မက်ကိုငါတို့အား ရှင်းလင်းဖော်ပြတော်မူရန်အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြကုန်အံ့'' ဟုဆို၏။-
``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။