ယေဇကျေလ 36:32Common Language Bibleဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-
ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-