ယေဇကျေလ 36:30Common Language Bibleငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။