Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 36:24

Common Language Bible

ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ယာ​ကုပ်​အ​မျိုး​၏​တဲ​ကို​ပြန်​လည် ကြွယ်​ဝ​စေ​မည်။ ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​၏​အိမ်​ထောင်​စု​မှန်​သ​မျှ​ကို​က​ရု​ဏာ ထား​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​၍ နန်း​တော်​ကို​လည်း​ပြန်​လည်​တည်​ဆောက် ရ​ကြ​လိမ့်​မည်။

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​များ​အား ငါ​ပြန်​လည်​ထူ​ထောင်​ပေး​မည့် အ​ချိန်​ကျ​ရောက်​လာ​တော့​မည်​ဖြစ်​သော​ကြောင့် တည်း။ ငါ​သည်​သူ​တို့​ကို​မိ​မိ​တို့​ဘိုး​ဘေး​များ အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့​ပြန်​လည်​ခေါ် ဆောင်​ခဲ့​မည်​ဖြစ်​၍ သူ​တို့​သည်​ထို​ပြည်​ကို​တစ် ဖန်​ပြန်​၍​ပိုင်​ဆိုင်​ရ​ကြ​ပေ​တော့​အံ့။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

ငါ​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက် ၍​ထို​သူ​တို့​အား​ကွဲ​လွင့်​စေ​ခဲ့​သည့်​တိုင်း နိုင်ငံ​များ​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို​နောက် သူ​တို့​ကို​ဤ​အ​ရပ်​သို့​ပြန်​လည်​ခေါ်​ဆောင် ကာ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​စေ​မည်။-

``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​သူ​တို့​အား​ဆင့်​ဆို​လော့။ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​မှ​သူ​တို့​အား​ပြန်​လည်​သိမ်း ဆည်း​၍ သူ​တို့​ပျံ့​လွင့်​လျက်​ရှိ​သည့်​ပြည်​များ မှ​သူ​တို့​ကို​ပြန်​လည်​စု​သိမ်း​မည်။ ဣ​သ​ရေ​လ ပြည်​ကို​ပြန်​လည်​ပေး​အပ်​မည်။-

သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-

သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။-

ထို​နောက်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သူ​တို့ ရောက်​ရှိ​နေ​ရာ​လူ​မျိုး​တ​ကာ​တို့​အ​ထဲ​မှ ထုတ်​ယူ​စု​သိမ်း​ပြီး​လျှင် သူ​တို့​ကိုယ်​ပိုင်​တိုင်း ပြည်​သို့​ခေါ်​ဆောင်​လာ​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ပြ​လော့။-

သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။-

နှစ်​ပေါင်း​အ​တော်​ကြာ​သော​အ​ခါ​ငါ​သည် သူ့​အား​လက်​နက်​များ​ပြင်​ဆင်​လျက် တိုင်း ပြည်​တစ်​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ​မည်။ ထို​ပြည်​တွင်​လူ​တို့​သည်​မိ​မိ​တို့​အား​အ​တိုင်း တိုင်း​အ​ပြည်​ပြည်​မှ ငါ​ပြန်​လည်​စု​သိမ်း ခေါ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ စစ်​မက် အန္တ​ရာယ်​အ​တွက်​စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​ဘဲ နေ​ထိုင်​လျက်​ရှိ​၏။ ဂေါ​ဂ​မင်း​သည်​ဣ​သ ရေ​လ​တောင်​တို့​အား​ချင်း​နင်း​ဝင်​ရောက် တိုက်​ခိုက်​လိမ့်​မည်။ ထို​တောင်​တို့​သည်​အ​ချိန် ကြာ​မြင့်​စွာ​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​၍​နေ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​လူ အ​ပေါင်း​တို့​ထံ​မှ​ထုတ်​ဆောင်​၍​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ရာ​ဖြစ်​၏။-

ယု​ဒ​ပြည်​သား​တို့​နှင့်​ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ပြန်​လည်​ပေါင်း​စည်း​ကြ​လိမ့် မည်။ သူ​တို့​သည်​သူ​တို့​အ​တွက်​ခေါင်း​ဆောင် တစ်​ဦး​ကို​ရွေး​ကောက်​တင်​မြှောက်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​တွင်​ကြီး​ပွား တိုး​တက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့ သည်​နေ့​ကြီး​ရက်​ကြီး​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ