Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 36:22

Common Language Bible

``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏ မ​ဟာ​တန်​ခိုး​တော်​ကို​ပြ​ရန် က​တိ​တော်​ရှိ​သည်​အ​တိုင်း​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​မိ​မိ​၏ ဂုဏ်​သိက္ခာ​ကို​ထောက်​၍​ပြု​တတ်​၏။ ငါ​၏​နာ​မ​တော်​အ​သ​ရေ​ပျက်​စေ​ရန်​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ခံ​ယူ​ထိုက်​သည့် ဘုန်း​အ​သ​ရေ​ကို​လည်း၊ အ​ခြား​အ​ဘယ်​သူ​အား​မျှ​ခံ​ယူ​စေ​လိမ့် မည်​မ​ဟုတ်။

သင်​၏​အစ်​မ​နှင့်​ညီ​မ​တို့​သည်​သင့်​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ သင်​သည် မိ​မိ​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​ကို​သ​တိ​ရ​၍ ရှက်​လိမ့်​မည်။ သင်​နှင့်​ငါ​ဖွဲ့​ခဲ့​သော​ပ​ဋိ​ညာဉ် တွင်​မ​ပါ​ရှိ​သော်​လည်း ငါ​သည်​သူ​တို့​အား သင်​၏​သ​မီး​များ​သ​ဖွယ်​ဖြစ်​စေ​မည်။-

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။

သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​သင် တို့​ကို​ထောက်​ထား​၍ ဤ​အ​မှု​တို့​ကို​ပြု ခြင်း​မ​ဟုတ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ သင်​တို့​ယ​ခု​ပြု​နေ​သော​အ​မှု​များ အ​တွက်​အ​ရှက်​ရ​စေ​လို​၏။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ဖြစ်​၍​ယ​ခု ငါ​သည် ယာ​ကုပ်​၏​သား​မြေး​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​က​ရု​ဏာ သက်​၍ တစ်​ဖန်​ပြန်​လည်​ကောင်း​စား​လာ စေ​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာမ တော်​ကို​ကာ​ကွယ်​မည်။-

အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​လျှောက် ထား​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​အား​ကြည့်​တော်​မူ​၍​ကိုယ်​တော်​ရှင့်​နာ​မ တော်​ကို​ခံ​ယူ​ထား​သည့်​မြို့​၏​ဝေ​ဒ​နာ​ကို ရှု​မှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့ ကောင်း​မွန်၊ မှန်​ကန်​မှု​ကို​အ​မှီ​မ​ပြု၊ ကိုယ် တော်​၏​ကြီး​မြတ်​သော​က​ရု​ဏာ​ကို အ​မှီ​ပြု​၍​ဆု​တောင်း​ပါ​၏။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ