Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 36:12

Common Language Bible

ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ​သည်​သင်​တို့​အား​ပြည် တော်​တွင်​တစ်​ဖန်​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ထို​ပြည်​သည်​သင်​တို့​ပိုင် သော​ပြည်​ဖြစ်​လိမ့်​မည်။ ယင်း​သည်​သင်​တို့ ၏​သား​သ​မီး​များ​အား နောင်​အ​ဘယ် အ​ခါ​၌​မျှ​မ​ဆုံး​ပါး​စေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​ကို​ငါ​ကယ်​တင် မည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​ကို​ကောင်း​ချီး​ပေး မည်။ ယု​ဒ​၏​သား​မြေး​များ​သည်​တောင်​ပေါ် ဒေ​သ​များ​ဖြစ်​သော ငါ​၏​ပြည်​တော်​ကို အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​ငါ ၏​လူ​မျိုး​တော်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​၍ အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။-

``လေ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့​သင်​တို့ အား ဤ​ပြည်​ရှိ​အ​မြို့​မြို့​တို့​၌​ကွဲ​လွင့်​သွား​စေ​လေ​ပြီ။ ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​မိ​မိ​တို့​၏ ဆိုး​ညစ်​သည့် လမ်း​စဉ်​ကို​မ​စွန့်​ကြ​သ​ဖြင့်၊ သင်​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ငါ​သုတ်​သင်​ပယ်​ရှင်း​ခဲ့​လေ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။

လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။

သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။-

နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-

တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။-

``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​လူ​တို့​က ထို​ပြည်​သည်​လူ​တို့​ကို​ကိုက် စား​သည့်​ပြည်၊ ပြည်​သား​တို့​၏​သား​သ​မီး များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ်​သည် ဆို​သည်​မှာ​မှန်​၏။-

ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ဤ ပြည်​ကို​ပေး​အပ်​မည်​ဟု​ကျိန်​ဆို​က​တိ ထား​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင်​တို့​သည် ယင်း​ကို​ညီ​မျှ​စွာ​ခွဲ​ဝေ​ယူ​ကြ​လော့။

သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ