Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 35:7

Common Language Bible

ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

``ဧ​ဒုံ​ပြည်​သည်​များ​စွာ​ယို​ယွင်း​ပျက်​စီး သွား​မည်​ဖြစ်​သ​ဖြင့် အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​တို့​သည်​ထို​ပြည်​ဖြစ်​ပျက်​ရ​ပုံ​အ​ခြင်း အ​ရာ​ကို​မြင်​သော​အ​ခါ​လန့်​ဖျပ်​တုန်​လှုပ် ကြ​လိမ့်​မည်။-

မည်​သည့်​လူ​နှင့်​တိ​ရစ္ဆာန်​မျှ​ထို​ပြည်​ကို ဖြတ်​သန်း​သွား​လာ​လိမ့်​မည်​မ​ဟုတ်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ထို​ပြည်​တွင်​နေ​သူ​ရှိ လိမ့်​မည်​မ​ဟုတ်။-

ငါ​သည်​ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ ပြည်​သူ​တို့​ဂုဏ်​ယူ​ဝါ ကြွား​ရာ​ဖြစ်​သည့်​တန်​ခိုး​အာ​ဏာ​သည် လည်း​ဆိတ်​သုဉ်း​သွား​လိမ့်​မည်။ မည်​သူ​မျှ ဖြတ်​သန်း​သွား​လာ​မှု​မ​ပြု​နိုင်​လောက်​အောင် ဣ​သ​ရေ​လ​တောင်​တို့​သည်​တော​ရိုင်း​ဖြစ် လိမ့်​မည်။-

လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။

သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သော ကြောင့်​သင်​သည်​သေ​ရ​လိမ့်​မည်။ အ​သက် ချမ်း​သာ​ရ​နိုင်​မည်​မ​ဟုတ်။ သင်​သည်​လူ သတ်​သ​မား​ဖြစ်​သ​ဖြင့်​သင်​ကိုယ်​တိုင် အ​သတ်​ခံ​ရ​လိမ့်​မည်။-

တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။-

ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။

ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ