Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 35:5

Common Language Bible

``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ချိန်​၌ ဧ​ဒုံ​အ​မျိုး​သား​တို့​ပြု​သည့်​အ​မှု​ကို သ​တိ​ရ​တော်​မူ​ပါ။ ``ဤ​မြို့​ကို​မြေ​ပြင်​နှင့်​တ​ပြေး​ညီ​အောင် ဖြို​ဖျက်​ကြ​လော့'' ဟု​ထို​သူ​တို့​ပြော​ဆို​ခဲ့​ကြ​သော စ​ကား​ကို​သ​တိ​ရ​တော်​မူ​ပါ။

သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ရ​၍ သူ​တို့​၏ ရုပ်​အ​လောင်း​များ​ကို​ဝံ​ပု​လွေ​တို့ စား​ကြ​ပါ​လိမ့်​မည်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​၌ သူ​တို့​၏​သား​သ​မီး​များ​အား​အ​စာ​ရေ​စာ ငတ်​လျက်​သေ​စေ​တော်​မူ​ပါ။ သူ​တို့​အား​စစ် ပွဲ​တွင်​ကျ​ဆုံး​စေ​တော်​မူ​ပါ။ အ​မျိုး​သ​မီး တို့​အား​မိ​မိ​တို့​ခင်​ပွန်း​များ​နှင့်​သား​သ​မီး များ​ကို​ဆုံး​ရှုံး​စေ​တော်​မူ​ပါ။ အ​မျိုး​သား တို့​အား​သေ​စေ​တော်​မူ​၍ လူ​ငယ်​လူ​ရွယ်​တို့ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​တော်​မူ​ပါ။-

``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-

သင်​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သင်​တို့​အား​ကြို​တင်​ဟော​ပြော ချက်​များ​သည်​လည်း​လိမ်​လည်​ဟော​ပြော​မှု များ​သာ​ဖြစ်​၏။ သင်​တို့​အ​ပြီး​သတ်​အ​ပြစ် ဒဏ်​ခံ​ရ​မည့်​နေ့​ရက်​သည်​နီး​ကပ်​လာ​လေ ပြီ။ ဋ္ဌား​တော်​သည်​ယုတ်​မာ​ဆိုး​ညစ်​သူ​တို့ ၏​ဇက်​ပေါ်​သို့​သတ်​ဖြတ်​ရန်​ကျ​ရောက်​အံ့။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သည် ရက်​စက်​စွာ​ယု​ဒ​ပြည်​ကို​လက်​စား​ချေ ခြင်း​အား​ဖြင့်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​၏။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဖိ​လိတ္တိ​ပြည်​သား များ​သည် မိ​မိ​တို့​၏​ရာ​သက်​ပန်​ရန်​သူ​ယု​ဒ အား​ရက်​စက်​စွာ​လက်​စား​ချေ​ကာ မုန်း​တီး စိတ်​ဖြင့်​ဖျက်​ဆီး​သုတ်​သင်​ပစ်​ကြ​၏။-

ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။-

``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း ကျင်​တိုင်း​ပြည်​တို့​နှင့် ဧ​ဒုံ​ပြည်​အ​ပေါ်​၌ ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍​မိန့် တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​ပြည် ကို​မ​ထီ​မဲ့​မြင်​ပြု​သော​စိတ်၊ ပီ​တိ​စိတ် ဖြင့်​စား​ကျက်​များ​နှင့်​တ​ကွ ငါ​၏​ပြည် ကို​သိမ်း​ယူ​ခဲ့​ကြ​၏။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​အား ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား``နိုင်​ငံ​တစ်​ခု လုံး​ပျက်​သုဉ်း​ရာ​အ​ချိန်​ကျ​ပြီ။

``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​ညီ​အစ်​ကို​ချင်း ဣ​သ​ရေ​လ​တို့​ကို​မ​ရ​မ​က​လိုက်​၍ မ​ညှာ​မ​တာ​ညှင်း​ဆဲ​ခဲ့​ပြီ။ သူ​တို့​၏ အ​မျက်​ဒေါ​သ​ကို​ဘယ်​အ​ခါ​မျှ မ​ပြေ​စေ​ဘဲ​ကမ်း​ကုန်​လောက်​အောင် ပင်​ပြင်း​ထန်​စေ​ခဲ့​သည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဂါ​ဇ​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သား​များ​လက်​ဝယ်​သို့ ကျွန် အ​ဖြစ်​နှင့်​ရောင်း​စား​ခဲ့​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ