Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:8

Common Language Bible

ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​သည်​ငါ ၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သိုး​ထိန်း မ​ရှိ​သ​ဖြင့်​ငါ​၏​သိုး​တို့​အား​သား​ရဲ တိ​ရစ္ဆာန်​များ​သတ်​ဖြတ်​ကိုက်​စား​ကြ​လေ ပြီ။ ငါ့​သိုး​ထိန်း​တို့​သည်​သိုး​ကို​လိုက်​၍ မ​ရှာ​ကြ။ သူ​တို့​သည်​မိ​မိ​တို့​ကို​သာ လျှင်​ကြည့်​ရှု​စောင့်​ရှောက်​လျက်​သိုး​တို့ ကို​မူ​မ​စောင့်​ထိန်း​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။

သင်​တို့​အ​ချို့​သည်​မြက်​အ​ကောင်း​ဆုံး​ကို စား​ရ​ကြ​သော်​လည်း​ကျေ​နပ်​မှု​မ​ရှိ။ မိ​မိ တို့​မ​စား​သည့်​မြက်​များ​ကို​ခြေ​ဖြင့်​နင်း ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​ရေ​ကြည် ကို​သောက်​၍​သင်​တို့​မ​သောက်​သည့်​ရေ​ကို နောက်​ကျိ​အောင်​ပြု​ကြ​ပါ​သည်​တ​ကား။-

``ငါ​၏​သိုး​များ၊ ငါ​ကျွေး​မွေး​ပြု​စု​သည့် သိုး​စု၊ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် ၍​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

``အ​ချင်း​သိုး​ထိန်း​တို့၊ ယ​ခု​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-

သို့​ဖြစ်​၍​အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

လူ​တို့​သည်​နတ်​ရုပ်​များ၊ ရုပ်​တု​များ၊ ဗေ​ဒင် ဆ​ရာ​များ​ကို​မေး​မြန်း​စုံ​စမ်း​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​ရ​ရှိ​သည့်​အ​ဖြေ​များ​မှာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည့်​မု​သား​စ​ကား များ​ဖြစ်​၏။ အ​ချို့​သော​သူ​တို့​သည်​အိပ်​မက် များ​ကို​အ​နက်​ဖွင့်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​သင်​တို့​အား​လမ်း​မှား​သို့​သာ​လျှင် ပို့​ဆောင်​ပေး​တတ်​၏။ သူ​တို့​အ​ထဲ​မှ​ရ​ရှိ သည့်​နှစ်​သိမ့်​မှု​မှာ​လည်း​အ​ချည်း​နှီး​သာ လျှင်​ဖြစ်​ပေ​သည်။ ထို့​ကြောင့်​လူ​တို့​သည် လမ်း​လွဲ​သည့်​သိုး​များ​ကဲ့​သို့​လှည့်​လည် သွား​လာ​လျက်​နေ​ရကြ​၏။ ဦး​စီး​ခေါင်း ဆောင်​မ​ရှိ​သ​ဖြင့် ဒုက္ခ​ရောက်​လျက်​ရှိ ကြ​၏။

ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-

ငါ​သည်​သူ​တစ်​ပါး​၏​ရွှေ​ငွေ​အ​ဝတ်​အ​စား ကို​လို​ချင်​တပ်​မက်​ခြင်း​မ​ရှိ​ခဲ့။-

သို့​ရာ​တွင်​ငါ​သည်​ထို​အ​ခွင့်​အ​ရေး​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ယူ​ခဲ့။ ထို​ကဲ့​သို့​သော​အ​ခွင့် ရေး​များ​ကို​တောင်း​ဆို​လို​သော​ကြောင့် ဤ​စာ ကို​ရေး​လိုက်​ခြင်း​လည်း​မ​ဟုတ်။ ဤ​သို့​တောင်း ဆို​ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​ပို​၍​ကောင်း​၏။-

သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။-

သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ