ယေဇကျေလ 34:27Common Language Bibleသစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။-
အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-
ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။-