ယေဇကျေလ 34:18Common Language Bibleသင်တို့အချို့သည်မြက်အကောင်းဆုံးကို စားရကြသော်လည်းကျေနပ်မှုမရှိ။ မိမိ တို့မစားသည့်မြက်များကိုခြေဖြင့်နင်း ကြပါသည်တကား။ သင်တို့သည်ရေကြည် ကိုသောက်၍သင်တို့မသောက်သည့်ရေကို နောက်ကျိအောင်ပြုကြပါသည်တကား။- အခန်းကိုကြည့်ပါ။ |
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-