Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 34:15

Common Language Bible

ငါ​ကိုယ်​တိုင်​မိ​မိ​၏​သိုး​များ​ကို​ထိန်း​ကျောင်း ၍ သူ​တို့​အိပ်​နား​စ​ရာ​အ​ရပ်​များ​ကို​ရှာ​၍ ပေး​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-

ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

ငါ့​စ​ကား​ကို​နား​ထောင်​သော​သိုး​ထိန်း​များ ကို​သင်​တို့​အား​ငါ​ပေး​မည်။ သူ​တို့​သည်​သင် တို့​ကို​ဉာဏ်​ပ​ညာ​နှင့်​လည်း​ကောင်း၊ အသိ ပ​ညာ​နှင့်​လည်း​ကောင်း​အုပ်​စိုး​ကြ​လိမ့်​မည်။-

``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။-

သူ​တို့​၏​တစ်​ဦး​တည်း​သော​သိုး​ထိန်း​အ​ဖြစ် ဖြင့် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် အား​ခန့်​ထား​မည်။ သူ​သည်​သူ​တို့​အား​စောင့် ထိန်း​ကြည့်​ရှု​လိမ့်​မည်။-

ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။

အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ