Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 33:14

Common Language Bible

အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။

သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။

သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့၊ အ​ကယ်​၍​သင်​တို့​ပြန်​လာ​လို​လျှင်​ငါ့ ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ​ရွံ​မုန်း​သည့် ရုပ်​တု​တို့​ကို​ဖယ်​ရှား​ကာ​ငါ့​အား​သစ္စာ စောင့်​ကြ​လျှင်၊-

``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-

``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-

ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။-

ဆိုး​ယုတ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​စွန့် လွှတ်​၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​သော အ​ခါ အ​သက်​ရှင်​ခွင့်​ကို​ရ​ရှိ​လိမ့်​မည်။-

အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။-

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​သည်​သင်​တို့​၏​အ​ပြစ်​ကြောင့် ခြေ​ချော်​၍​လဲ​ကြ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။

`ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော် ခြင်း​ထက်​ပို​၍​နှစ်​သက်​၏' ဟူ​သော​ကျမ်း​စ​ကား ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သင်​တို့​သွား​၍​လေ့​လာ ကြ​လော့။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို ကယ်​ရန်​ကြွ​ရောက်​လာ​သည်​မ​ဟုတ်။ အ​ပယ်​ခံ သူ​များ​ကို​ကယ်​ရန်​ကြွ​ရောက်​လာ​သ​တည်း'' ဟု မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ