မြေကြီးကိုသင်၏သွေးနှင့်စိုစေမည်။ ထို သွေးသည်တောင်ထိပ်တိုင်အောင်စိုမည်။ မြစ် တို့သည်သင့်သွေးဖြင့်ပြည့်လျှံလိမ့်မည်။-
အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
သူတို့၏အလောင်းများသည်မြှုပ်နှံခြင်းကို မခံရဘဲ မြေပေါ်တွင်လဲလျက်ပုပ်စပ်နံစော် ၍နေလိမ့်မည်။ တောင်တို့သည်လည်းသွေးများ ဖြင့်နီရဲလျက်နေလိမ့်မည်။-
ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။-
တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
စပျစ်သီးများကိုမြို့ပြင်တွင်နယ်၍စပျစ် သီးနယ်ရာကျင်းမှသွေးချောင်းစီးထွက်၍ လာ၏။ ထိုသွေးချောင်းသည်အလျားမိုင်နှစ်ရာ၊ အနက်ငါးပေခန့်ရှိသတည်း။
ထိုသူတို့သည်ဘုရားသခင်၏လူစုတော်နှင့် ပရောဖက်တို့၏သွေးကိုသွန်းခဲ့ကြသဖြင့် ကိုယ်တော်သည်သူတို့သောက်ရန်သွေးကိုပေး တော်မူလေပြီ။ ထိုသူတို့ခံထိုက်သောဒဏ်ကို ခံရကြပါ၏'' ဟုလျှောက်ထား၏။-