ယေဇကျေလ 32:32Common Language Bible``အီဂျစ်ဘုရင်သည်အသက်ရှင်သူတို့ကို တုန်လှုပ်ချောက်ချားအောင်ပြုခဲ့၏။ သို့ရာ တွင်သူနှင့်သူ၏စစ်သူရဲအပေါင်းတို့သည် သုတ်သင်ခြင်းကိုခံရ၏။ စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့ နှင့်အတူမြှုပ်နှံခြင်းကိုခံရလိမ့်မည်။'' ဤကားအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်လက်နက်အပြည့်အစုံကိုင်စွဲ လျက်မရဏာနိုင်ငံသို့ဆင်းသက်သူရှေး သူရဲကောင်းကြီးများကဲ့သို့ မိမိတို့၏ဋ္ဌား များကိုဦးခေါင်းအောက်တွင်လည်းကောင်း၊ ဒိုင်းလွှားများကိုရင်ပတ်ပေါ်တွင်လည်းကောင်း ထားရှိကာဂုဏ်ပြုသင်္ဂြိုဟ်ခြင်းကိုမခံရ ကြ။ သူတို့သည်အရေဖျားလှီးမင်္ဂလာမခံ သူအခြားကျဆုံးလေပြီးသော စစ်သူရဲ ကောင်းများနှင့်အတူလဲလျောင်းနေလေပြီ။ ဤသူရဲကောင်းများသည်အခါတစ်ပါး ကအသက်ရှင်သူတို့ကိုတုန်လှုပ်ချောက် ချားရန် ပြုလုပ်သည့်တန်ခိုးကြီးမားသူ များဖြစ်ခဲ့ကြ၏။