Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:23

Common Language Bible

သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။

သို့​ဖြစ်​၍​ငါ​သည်​အ​သက်​ရှင်​သူ လူ​သား​တို့​၏​ဘောင်​တွင် ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော်​၌ သက်​ရှင်​လှုပ်​ရှား​လျက်​နေ​ရ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ငါ​သည်​ဤ​ဘ​ဝ​တွင်​တွေ့​မြင်​မည်​ဟု​ယုံ​ကြည်​၏။

မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။

ဤ​သက်​ရှိ​လော​က​၌​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​လည်း​ကောင်း​သက်​ရှိ လူ​သတ္တ​ဝါ​တို့​အား​လည်း​ကောင်း၊ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​တွေ့ မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။

ငါ​သည်​သတ်​ရန်​ထုတ်​ဆောင်​သွား​သည့် သိုး ငယ်​ကဲ့​သို့​ယုံ​ကြည်​စိတ်​ချ​တတ်​သူ​ဖြစ်​ပေ သည်။ ငါ့​ကို​သူ​တို့​မ​ကောင်း​ကြံ​လျက်​နေ ကြ​ကြောင်း​ကို​ငါ​မ​သိ။ သူ​တို့​က``စိမ်း​လန်း စို​ပြေ​လျက်​နေ​ချိန်​၌ သစ်​ပင်​ကို​ခုတ်​လှဲ ကြ​ကုန်​အံ့။ သူ့​အား​နောင်​အ​ခါ​အ​ဘယ်​သူ မျှ​သ​တိ​မ​ရ​ကြ​စေ​ရန် သူ့​ကို​ငါ​တို့​သတ် ဖြတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။

ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​အ​သက်​ရှင်​ခဲ့ ကြ​သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် သင့်​အား မြေ​အောက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​မည်။ ငါ​သည်​သင့်​အား​ထို​မြေ​အောက်​လော​က​ရှိ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သည့် အ​ရပ်​၌​မြေ​တွင်း​ထဲ​တွင်​နေ​စေ​မည်။ သင် သည်​ထို​အ​ရပ်​မှ​အ​ဘယ်​အ​ခါ​၌​မျှ အ​သက်​ရှင်​သူ​တို့​ရှိ​ရာ​အ​ရပ်​သို့​ပြန် လာ​ရ​လိမ့်​မည်​မ​ဟုတ်။-

``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​အ​မျိုး​သား တို့​နှင့်​ပတ်​သက်​၍``လူ​တို့​သည်​ထို​သူ​တို့​ကို မေ့​ပျောက်​၍​သွား​လိမ့်​မည်။ သူ​တို့​၏​ဗိ​မာန် တော်​များ​ရှိ​ရုပ်​တု​တို့​ကို ငါ​သုတ်​သင်​ဖျက် ဆီး​မည်။ ငါ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​တို့ အ​တွက်​သင်္ချိုင်း​ကို​ပြင်​ဆင်​မည်။ သူ​တို့​သည် အ​သက်​ရှင်​ထိုက်​သူ​များ​မ​ဟုတ်'' ဟု​အ​မိန့် စီ​ရင်​ချက်​ချ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ