ယေဇကျေလ 31:3Common Language Bibleအာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။ ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍ ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။ အခန်းကိုကြည့်ပါ။ |
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-
ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။