Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 30:9

Common Language Bible

``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​ထား​တော် မူ​သည့်​ကံ​ကြမ္မာ​ကို​ပြန်​လည်​သ​တိ​ရ​သည့် အ​ခါ​တိုင်း​ယု​ဒ​ပြည်​ကို​ကြောက်​ကြ​လိမ့်​မည်။

အာ​ဇုတ်​မြို့​ကျ​ဆုံး​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​က``ငါ​၏​အ​စေ​ခံ​ဟေ​ရှာ​ယ​သည် ဖိ​နပ်​မ​စီး​ဘဲ အ​ဝတ်​အ​ချည်း​စည်း​နှင့်​သုံး နှစ်​တိုင်​တိုင်​သွား​လာ​နေ​ခဲ့​သည်​မှာ အီ​ဂျစ် ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​ကြုံ​တွေ့​ရ​မည့် အ​ဖြစ်​အ​ပျက်​နိ​မိတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။-

ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-

တု​ရု​မြို့​ပျက်​စီး​သွား​သည့်​သ​တင်း​ကို ကြား​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့ ပင်​လန့်​ဖျပ်​သွား​ကြ​ကုန်​၏။

``အ​ချင်း​အ​ပျော်​အ​ပါး​ကို​ချစ်​မြတ်​နိုး​သူ၊ မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​လှ​ပြီ​ဟု​ထင်​မှတ်​သူ၊ ဤ​စကား​ကို​နား​ထောင်​လော့။ ငါ​သည်​ဘု​ရား​တ​မျှ​ကြီး​မြတ်​သည်​ဟူ​၍ လည်း​ကောင်း၊ ငါ​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ​ဟူ​၍​လည်း​ကောင်း​သင်​ဆို​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မု​ဆိုး​မ ဖြစ်​ရ​လိမ့်​မည်​မဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​သား​သ​မီး​များ​ကို​လည်း ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင်​ထင်​မှတ်​၏။

ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-

`လာ​ကြ၊ ငါ​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လှ ပြီ​ဟု​ထင်​မှတ်​သူ​ထို​လူ​မျိုး​ကို​တိုက်​ခိုက် ကြ​ကုန်​အံ့။ သူ​တို့​၏​မြို့​သည်​မြို့​တံ​ခါး​နှင့် ကန့်​လန့်​ပင်​မ​ရှိ။ လုံ​ခြုံ​မှု​ကင်း​မဲ့​သည့်​မြို့ ဖြစ်​သည်' ဟု​ဆို​၏။

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​အ​ရေး​ယူ​ဆောင်​ရွက်​ရ​မည့် အ​ချိန်​ကျ​ပြီ။ ငါ​သည်​သင်​၏​အ​ပြစ်​များ ကို​လျစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်။ သ​နား​ကြင် နာ​မည်​မ​ဟုတ်။ က​ရု​ဏာ​ထား​မည်​မ​ဟုတ်။ သင်​ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။

``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-

သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​သော​တိုင်း​ပြည်​တစ် ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ရန်​စိတ်​ပိုင်း​ဖြတ် လိမ့်​မည်။ ထို​ပြည်​မှ​လူ​တို့​သည်​တံ​တိုင်း အ​ကာ​အ​ရံ​မ​ရှိ​သည့်​မြို့​များ​တွင်​အေး ချမ်း​စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြ​၏။-

ငါ​သည်​မာ​ဂေါ​ဂ​ပြည်​နှင့်​လူ​တို့​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​လျက်​ရှိ​သည့်​ပင်​လယ်​ကမ်း​ရိုး တန်း​တစ်​လျှောက်​ကို​မီး​သင့်​လောင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​လူ​တိုင်း​သိ​ရှိ​ကြ​လိမ့်​မည်။-

အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ကြောင့် ဤ​သို့ လျှင်​ကတိ​သစ္စာ​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က``သူ​တို့​သည်​သင်​တို့​ကို​ငါး​မျှား​ချိတ် ဖြင့်​ဒ​ရွတ်​တိုက်​ဆွဲ​သွား​သော​နေ့​များ​ရောက် လိမ့်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​ငါး​မျှား ထိပ်​၌ အ​ချိတ်​ခံ​နေ​ရ​သော​ငါး​ကဲ့​သို့​ဖြစ် ကြ​လိမ့်​မည်။-

ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​ပြည်​သား​တို့ ကို​လည်း​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။

ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။

သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် ညဥ့်​အ​ခါ​သူ​ခိုး​လာ​သ​ကဲ့​သို့​မ​မျှော်​မ​လင့် ဘဲ​ရောက်​ရှိ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။-

ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ