Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 30:26

Common Language Bible

ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​အ​ရပ်​ဖြစ်​စေ​မည်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​အီ​ဂျစ်​ပြည်​မှ​မြို့​များ သည်​အ​ခြား​အ​ဘယ်​မြို့​နှင့်​မျှ​မ​တူ​အောင် ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့်​မည်။ ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​အား​ဒုက္ခ​သည်​များ ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ထွက်​ပြေး​ကာ​လူ​မျိုး ခြား​တို့​ထံ​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။-

ငါ​သည်​သူ့​အား​အ​မှန်​ပင်​ချည့်​နဲ့​စေ​၍ ဗာ​ဗု​လုန်​မင်း​အား​သန်​မာ​စေ​မည်။ ငါ​၏ ဋ္ဌား​ကို​ဗာ​ဗု​လုန်​ဘု​ရင်​လက်​သို့​ပေး​အပ် ၍ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ဋ္ဌား​ဦး​ကို​လှည့် လိုက်​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။-

ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ