ယေဇကျေလ 30:22Common Language Bibleသို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။