Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:27

Common Language Bible

ထို​နောက်​သင့်​အား​ငါ​တစ်​ဖန်​ပြော​ကြား​စေ လို​သော​အ​ခါ​၌​သင်​၏​နှုတ်​ကို​ဖွင့်​မည်။ ထို အ​ခါ​သင်​သည်​သူ​တို့​အား​ငါ့​အ​ရှင်​ထာ​ဝရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်​ဟု​ဆင့်​ဆို​ရ မည်။ အ​ချို့​သော​သူ​တို့​သည်​သင့်​စ​ကား​ကို နား​ထောင်​၍ အ​ချို့​တို့​သည်​နား​မ​ထောင်​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ဖြစ်​သော ကြောင့်​တည်း။''

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ တော်​မူ​သ​မျှ​သော​အ​မှု​အ​ခြင်း​အ​ရာ တို့​ကို ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​အား​ပြန် ကြား​လေ​၏။

သူ​တို့​သည်​ခေါင်း​မာ​၍​ငါ့​အား​မ​ရို​သေ ကြ။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​အ​မိန့် တော်​ရှိ​သည်​ကို သူ​တို့​အား​ပြန်​ကြား​ရန် သင့်​ကို​သူ​တို့​ထံ​သို့​ငါ​စေ​လွှတ်​မည်။-

သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။

ထို​နေ့​၌​ပင်​လျှင်​သင့်​နှုတ်​သည်​လည်း​ပွင့်​လျက် ထို​သူ​နှင့်​စ​ကား​ပြော​နိုင်​လိမ့်​မည်။ တိတ်​ဆိတ် နေ​တော့​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​သင်​သည် လူ​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဦး​ချို​တည်း​ဟူ​သော​ခွန်​အား​ကြီး​စေ မည်။ ထို​နောက်​အ​ချင်း​ယေ​ဇ​ကျေ​လ၊ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ​ရန်​သင့်​အား ဟော​ပြော​စေ​မည်''ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​သူ​သင်​၏​အ​မျိုး သား​များ​ထံ​သို့​သွား​လော့။ သူ​တို့​သင်​၏ စ​ကား​ကို​ဂ​ရု​စိုက်​သည်​ဖြစ်​စေ၊ မ​စိုက် သည်​ဖြစ်​စေ၊ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ပြော ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။-

ငါ​သည်​သင်​၏​န​ဖူး​ကို​ကျောက်​ထက်​ပင် ခိုင်​ခံ့​စေ​၍ စိန်​ကဲ့​သို့​မာ​ကြော​စေ​မည်။ ထို ပုန်​ကန်​တတ်​သူ​တို့​ကို​မ​ကြောက်​နှင့်၊ မ​လန့် နှင့်'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။

သူ​တို့​အ​ဖို့​မှာ​သင်​သည်​အ​ချစ်​သီ​ချင်း များ​ကို​သီ​ဆို​တီး​မှုတ်​ဖြေ​ဖျော်​သူ​ကဲ့ သို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​သင်​ပြော​သ​မျှ သော​စ​ကား​တို့​ကို​နား​ထောင်​ကြ​သော်​လည်း တစ်​လုံး​တစ်​ပါ​ဒ​ကို​မျှ​မ​လိုက်​နာ​ကြ။-

ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။

ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-

ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ