Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:21

Common Language Bible

သင်​သည်​ဖြောင့်​မတ်​သော​သူ​တစ်​စုံ​တစ်​ယောက် အား အ​ပြစ်​မ​ကူး​လွန်​စေ​ရန်​သ​တိ​ပေး​၍ သူ​သည်​လည်း​သင့်​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ်​မ​ကူး​လွန်​ဘဲ​နေ​ပါ​မူ​သူ​သည်​သေ ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​လည်း​အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အား ထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။

မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။

ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။

အ​ကယ်​၍​သင်​သည်​ဆိုး​ယုတ်​သူ​အား​သ​တိ ပေး​သော်​လည်း သူ​သည်​ဒု​စ​ရိုက်​ကို​ပြု​မြဲ ပြု​ကာ​အ​ပြစ်​ကူး​လွန်​သူ​အ​ဖြစ်​ဖြင့်​ပင် လျှင်​သေ​သည်​ဆို​ပါ​မူ သင်​၏​အ​သက်​ချမ်း သာ​ရာ​ရ​လိမ့်​မည်''ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''

မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။-

ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။-

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-

သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။

သင်​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​သွန်​သင်​လော့။ အား​ပေး​တိုက်​တွန်း​ဆုံး​မ သွန်​သင်​သည့်​အ​ခါ​၌​သင်​၌​ရှိ​သ​မျှ​သော အ​ခွင့်​အာ​ဏာ​ကို​အ​သုံး​ပြု​လော့။ သင့်​အား အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။

ယင်း​သို့​အ​ပြစ်​ကူး​သူ​တစ်​ဦး​အား​လမ်း​မှား မှ​ပြန်​လည်​ခေါ်​ဆောင်​ကာ​သူ​သည် ထို​သူ​၏ ဝိ​ညာဉ်​ကို​သေ​ခြင်း​မှ​ကယ်​တင်​၍​သူ့​အား များ​စွာ​သော​အ​ပြစ်​တို့​မှ​ပြေ​လွှတ်​ခွင့်​ရ စေ​ရန်​ဆောင်​ရွက်​ပေး​သူ​ဖြစ်​လိမ့်​မည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​ပြီး​၏။

ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ