Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 29:19

Common Language Bible

သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​မင်း​ဆိုး​မင်း​ညစ်​တစ်​ပါး​၏ လက်​သို့​အပ်​၍ ထို​မင်း​ကို​သူ​တို့​အား​အုပ်​စိုး စေ​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

ပင်​လယ်​ရေ​ဝိုင်း​ရံ​လျက်​ရှိ​သော​ထို​ကျောက် ၏​အ​ပေါ်​တွင် ရေ​လုပ်​သား​တို့​ပိုက်​ကွန်​များ ကို​လှန်း​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ လူ မျိုး​တကာ​တို့​သည်​တု​ရု​မြို့​ကို​တိုက်​ခိုက် လု​ယက်​ကြ​လိမ့်​မည်။-

အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-

အီ​ဂျစ်​ပြည်​တွင်​စစ်​ဖြစ်​လိမ့်​မည်။ ကု​ရှ​ပြည်​တွင်​ကြီး​စွာ​သော​ဘေး​အန္တ​ရာယ်​နှင့် ကြုံ​တွေ့​ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​ပင်​အီ​ဂျစ်​ပြည်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လု​ယက်​ဖျက်​ဆီး​ခြင်း​ခံ​ရ​၍ ယို​ယွင်း​ပျက်​စီး​၍​ကျန်​ရစ်​လိမ့်​မည်။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။ သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။

အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။-

အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

သင်​သည်​အ​ခါ​တစ်​ပါး​က​ယို​ယွင်း​ပျက်​စီး ခဲ့​သော​မြို့​များ​တွင်​နေ​ထိုင်​လျက်​ရှိ​သူ​တို့ အား တိုက်​ခိုက်​လု​ယူ​ရန်​ကြံ​စည်​လိမ့်​မည်။ သူ တို့​သည်​ကား​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​ငါ​ပြန် လည်​စု​သိမ်း​ထား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ယ​ခု​အ​ခါ​၌​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ ပစ္စည်း​များ​ပိုင်​လျက် ကမ္ဘာ့​လမ်း​ဆုံ​ဒေ​သ များ​တွင်​နေ​ထိုင်​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ