ယေဇကျေလ 28:24Common Language Bibleထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-
သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။