Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 28:19

Common Language Bible

သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​မာန်​မာန​ကြီး​သူ​မင်း​သား တို့​၏ စိတ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​ဘုန်း​ကြီး​သည့် ဘု​ရင်​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။

ရေ​လုပ်​သား​တို့​ပိုက်​ကွန်​လှန်း​ရန်​ကျောက် သား​ပ​က​တိ​ကို​သာ​လျှင်​ချန်​ထား​မည်။ မြို့​ကို​အ​ဘယ်​အ​ခါ​မျှ​ပြန်​လည်​တည် ဆောက်​ရ​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။''

ငါ​သည်​သင့်​ကို​ကြောက်​လန့်​ဖွယ်​ရာ​ဇာတ် သိမ်း​ခန်း​ရောက်​ရ​ပေ​တော့​အံ့။ လူ​တို့​သည် ရှာ​သော်​လည်း​သင့်​ကို​တွေ့​ရ​တော့​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-

ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-

``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။-

ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ