Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 28:12

Common Language Bible

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် တွေ့​ကြုံ​ရ​မည့်​ကံ​ကြမ္မာ​အ​တွက်​ဝမ်း​နည်း ပူ​ဆွေး​လော့။ ငါ​အ​ရှင်​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သူ့​အား​ဆင့်​ဆို​ရ​မည် မှာ​သင်​သည်​အ​ခါ​တစ်​ပါး​က​ခြောက်​ပြစ် ကင်း​စံ​တင်​ထိုက်​သူ​ဖြစ်​ခဲ့​ဖူး​၏။ သင်​သည် အ​လွန်​ပ​ညာ​ရှိ​၍​အ​ဆင်း​လှ​သူ​ဖြစ်​ခဲ့ ပါ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။

ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။

ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။

အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-

ဤ​သို့​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ခါ​၌ သူ​တို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ပြက်​ရယ် ပြု​ကာ၊ ``ရက်​စက်​ကြမ်း​ကြုတ်​သော​မင်း​သည်​ကျ​ဆုံး လေ​ပြီ။ သူ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​သူ​ကို မျှ​ဖိ​နှိပ်​ချုပ်​ချယ်​ရ​တော့​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။

ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက်​ငို​ချင်း ကို​အောက်​ပါ​အ​တိုင်း​ဖွဲ့​ဆို​ရန် ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။

ယင်း​၏​ပင်​စည်​ကို​မီး​သင့်​လောင်​သ​ဖြင့် အ​ကိုင်း​အ​ခက်​နှင့်​အ​သီး​များ​သည်​လည်း လောင်​ကျွမ်း​သွား​လေ​သည်။ ထို​အ​ပင်​၏​အ​ကိုင်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပြန်​လည်​ခိုင်​ခံ့​သန်​မာ​လာ​ကြ​တော့​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​ရာ​ဇ​လှံ​တံ​အ​ဖြစ် အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​စပ်​ဆို​ထား​သည့်​ငို​ချင်း​ဖြစ်​၏။ ထို ငို​ချင်း​ကို​အ​ဖန်​တစ်​လဲ​လဲ​သီ​ဆို​ကြ ရ​မည်။

သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။

`ယ​ခု​အ​ခါ​ပင်​လယ်​ထဲ​၌​ဆိတ်​ငြိမ်​၍ နေ​သော တု​ရု​မြို့​နှင့်​အ​ဘယ်​မြို့​ကို​နှိုင်း​ယှဉ်​နိုင်​ပါ မည်​နည်း။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

သင်​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ဒု​စ​ရိုက် ကို​စ​တင်​ပြု​ကျင့်​ချိန်​အ​ထိ သင်​၏​အ​ပြု အ​မူ​များ​သည်​အ​ဘယ်​သို့​မျှ​အ​ပြစ်​ဆို စ​ရာ​မ​ရှိ။-

ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-

ထို​နောက်​ထာ​ဝရ​ဘု​ရား​က​ဆက်​လက်​၍ ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မိ​မိ​တို့​ပြု​သော​မ​ကောင်း မှု​များ​အ​တွက်​ရှက်​ကြောက်​ခြင်း​ငှာ ဗိ​မာန်​တော်​ပုံ​စံ​ကို​သူ​တို့​အား​ဖော်​ပြ​၍ လေ့​လာ​စေ​လော့။-

ဟာ​ဒ​ရက်​ပြည်​နှင့်​ကပ်​လျက်​နေ​သော​ဟာ​မက် ပြည်​ကို​လည်း​ကောင်း ကျွမ်း​ကျင်​လိမ္မာ​မှု​ရှိ​သည့် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ပိုင်​တော်​မူ​၏။-

သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။

ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။-

သို့​ဖြစ်​၍​ငါ​သည်​ကောက်​ခံ​ရ​ရှိ​သ​မျှ​သော​အ​လှူ ငွေ​ကို​ထို​သူ​တို့​အား​ပေး​အပ်​ရန်​ကိစ္စ​ပြီး​စီး​အောင် ဆောင်​ရွက်​ပြီး​နောက်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​မည်။ လမ်း​ကြုံ​ကြိုက်​၍​သင်​တို့​ထံ​သို့​ဝင်​ရောက်​လည်​ပတ် မည်။-

ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။-

မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။

သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။-

ထို​အ​ရှင်​သည်​ကွယ်​ဝှက်​ထား​သော​ဘု​ရား သ​ခင်​၏​ဉာဏ်​ပ​ညာ​ဘဏ္ဍာ၊ အ​သိ​ပ​ညာ ဘဏ္ဍာ​ကို​ဖွင့်​ပြ​သည့်​သော့​ချက်​ဖြစ်​တော် မူ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ