ယေဇကျေလ 27:9Common Language Bibleသင်္ဘောကိုပြုပြင်ဖာထေးရန်လိုက်ပါသည့် ကျွမ်းကျင်သူလက်သမားဆရာများသည် ဂေဗလမြို့မှဖြစ်ကြ၏။ ပင်လယ်ကူးသင်္ဘောမှန်သမျှမှသင်္ဘောသားတို့သည် သင်နှင့်ရောင်းဝယ်ဖောက်ကားမှုကိုပြုကြ၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။