Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:5

Common Language Bible

သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊ လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။-

သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။

အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။-

ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-

ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော​ကိုယ်​တော်​၏ သစ်​ပင်​များ​ဖြစ်​သည့်​လေ​ဗ​နုန်​တော​မှ အာ​ရဇ်​ပင်​တို့​သည်​မိုး​ရေ​များ​စွာ​ရ​ရှိ​ကြ​ပါ​သည်။

ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။

သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။

ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။

လေ​ဗ​နုန်​တော​မှ​ထင်း​ရှူး​ပင်​များ​နှင့်​အာ​ရစ် ပင်​(သစ်​က​တိုး) တို့​က​သင်​ကျ​ဆုံး​ပြီ​ဖြစ် ၍​ငါ​တို့​အား​ခုတ်​လှဲ​မည့်​သူ​မ​ရှိ​တော့​ဟု ဆို​၍​ဗာ​ဗု​လုန်​ဘု​ရင်​ကျ​ဆုံး​မှု​အ​တွက် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။

ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။ သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။

(ဟေ​ရ​မုန်​တောင်​ကို​ဇိ​ဒုန်​အ​မျိုး​သား​တို့​က စိ​ရုန်​ဟူ​၍​လည်း​ကောင်း၊ အာ​မော​ရိ​အ​မျိုး သား​တို့​က ရှ​နိ​ရ​ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ် သ​မုတ်​ကြ​၏။-)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ