ယေဇကျေလ 27:32Common Language Bible`ယခုအခါပင်လယ်ထဲ၌ဆိတ်ငြိမ်၍ နေသော တုရုမြို့နှင့်အဘယ်မြို့ကိုနှိုင်းယှဉ်နိုင်ပါ မည်နည်း။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-