ယေဇကျေလ 27:30Common Language Bibleသူတို့သည်မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့် များကို မြှောက်ကြဲ၍ပြာထဲတွင်လူးလှိမ့်လျက် သင်၏အတွက်ပြင်းပြစွာငိုကြွေးမြည် တမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။