သူတို့ကလှပသောအဝတ်တန်ဆာ၊ မရမ်း စေ့ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ အရောင် တောက်ပသောကော်ဇောနှင့်ခိုင်ခံ့အောင်ကျစ် ထားသောကြိုးအမျိုးမျိုးတို့ကိုရောင်းချ ကြ၏။-
ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
ခါရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့တို့သည်လည်း ကောင်း၊ ရှေဘမြို့၊ အာရှုရိမြို့နှင့်ခိလမဒ် မြို့များမှကုန်သည်တို့သည်လည်းကောင်း သင်နှင့်ကုန်သွယ်မှုကိုပြုကြ၏။-
သင်၏ထံမှကုန်စည်များကိုအကြီးမား ဆုံးကုန်သင်္ဘောကြီးများဖြင့်သယ်ဆောင် သွားကြ၏။ ``သင်သည်လေးလံသောကုန်စည်များကို တင်ဆောင်ကာပင်လယ်ထဲသို့ရောက်နေသော သင်္ဘောနှင့်တူ၏။