ယေဇကျေလ 27:22Common Language Bibleရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။