Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:9

Common Language Bible

သင်​၏​မြို့​ရိုး​တို့​ကို​လက်​နက်​များ​ဖြင့် ထု​ဖြို​ကြ​လိမ့်​မည်။ သင်​၏​ရဲ​တိုက်​များ ကို​လည်း​သံ​ချောင်း​များ​ဖြင့်​ဖြို​ချ ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

မြို့​ရိုး​ထောင့်​ထိပ်​နှင့်​မျှော်​စင်​များ​မှ​နေ​၍ မြား​နှင့်​ကျောက်​တုံး​ကြီး​များ​ပစ်​ခတ်​ရန် ယန္တ​ယား​စက်​များ​ကို​လည်း ယေ​ရု​ရှ​လင် မြို့​ရှိ​တီ​ထွင်​တတ်​သူ​အ​တတ်​ပ​ညာ​ရှင် များ​က​ပြု​လုပ်​ပေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​ထံ​မှ​အံ့​သြ​ဖွယ်​မ​စ​တော်​မူ​ခြင်း ကို​ခံ​ရ​သ​ဖြင့် မင်း​ကြီး​သည်​အ​လွန် တန်​ခိုး​ကြီး​လာ​ပြီး​လျှင်​သူ​၏​ဂုဏ် သ​တင်း​သည်​အ​ရပ်​တ​ကာ​သို့​ပျံ့​နှံ့ သွား​လေ​၏။

ထို​အ​ခါ`ယေ​ရု​ရှ​လင်' ဟု​ရေး​မှတ်​ထား​သော နိ​မိတ်​ပြ​မြား​သည် သူ​၏​ညာ​ဘက်​လက်​တွင်း သို့​ရောက်​ရှိ​၏။ ထို​မြား​က​သူ့​အား​မြို့​ရိုး​ဖြို ရန်​တုံး​မောင်း​များ​ကို​သွား​ရောက်​တပ်​ဆင်​ကာ သတ်​ရန်​အ​မိန့်​ပေး​လျက်​စစ်​တိုက်​သံ​များ ကို​ကြွေး​ကြော်​ရန်​လည်း​ကောင်း၊ တံ​ခါး​ထု ဖွင့်​ရန်​တုံး​မောင်း​ကို​လည်း​ကောင်း မြေ​က​တုတ် များ​ဖို့​၍​က​တုတ်​ကျင်း​များ​ကို​တူး​ရန် လည်း​ကောင်း​ညွှန်​ပြ​၏။-

သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-

သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။-

ပြည်​ပ​ရှိ​မြို့​များ​တွင်​နေ​ထိုင်​ကြ​သူ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ ရန်​သူ များ​သည်​က​တုပ်​ကျင်း​များ​ကို​တူး​၍​မြေ က​တုပ်​များ​ကို​ဖို့​ကာ​ဒိုင်း​လွှား​များ​ကို ကာ​လျက်​သင့်​အား​တိုက်​ခိုက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ