Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:11

Common Language Bible

သူ​တို့​၏​မြင်း​စီး​သူ​ရဲ​များ​သည်​သင်​၏ လမ်း​များ​ကို​ဖြတ်​ကျော်​ကာ​လူ​တို့​အား ဋ္ဌား​ဖြင့်​သတ်​ကြ​လိမ့်​မည်။ သင်​၏​ခိုင်​ခံ့ သော​ကျောက်​တိုင်​များ​သည်​မြေ​ပေါ်​သို့ ပြို​လဲ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီး​လျှင်၊ သူ​တို့​နေ​ထိုင်​ရာ​ခိုင်​ခန့်​သည့်​မြို့​ကို ဖျက်​ဆီး​တော်​မူ​၍၊ မြို့​ရိုး​များ​ကို​ဖုတ်​ထဲ​သို့​ပြို​ကျ​စေ​တော်​မူ​လေ​ပြီ။

သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-

သူ​သည်​အီ​ဂျစ်​ပြည်​ရှိ​နေ​မင်း​မြို့​တော်​အ ထိမ်း​အ​မှတ်​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ၍​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို​မီး​ရှို့ လိမ့်​မည်' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ