Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 25:16

Common Language Bible

သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် လက်​တော်​ကို​ဆန့်​လျက်​ဖိ​လိတ္တိ​ပြည်​သား​တို့ အား တိုက်​ခိုက်​၍​ခေ​ရ​သိ​လူ​မျိုး​တို့​ကို​ဖယ် ရှား​ပစ်​မည်​ဖြစ်​ကြောင်း​ကြေ​ညာ​၏။ ပင်​လယ် ကမ်း​နား​တွင်​အ​သက်​ရှင်​လျက် ကျန်​ရှိ​သ​မျှ သော​သူ​တို့​အား​ငါ​သုတ်​သင်​ပစ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-

သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-

ထို​ကြောင့်​ငါ့​လက်​ကို​ဆန့်​လျက်​သင်​တို့​အား လု​ယက်​တိုက်​ခိုက်​ကြ​စေ​ရန် အ​ခြား​လူ​မျိုး တို့​၏​လက်​သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သင် တို့​အား​လုံး​ဝ​ပျက်​စီး​အောင်​စီ​ရင်​မည်​ဖြစ်​၍ သင်​တို့​သည်​ကိုယ်​ပိုင်​ပြည်​နှင့်​နေ​ရ​ကြ​တော့ မည်​မ​ဟုတ်။ လူ​မျိုး​တစ်​မျိုး​အ​နေ​ဖြင့်​လည်း ရပ်​တည်​နိုင်​ကြ​တော့​မည်​မ​ဟုတ်။ ထို အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

အာ​ဇုတ်​နှင့်​အာ​ရှ​ကေ​လုန်​မြို့​များ​၌​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ဧ​ကြုန်​မြို့ ကို​လည်း​ငါ​ဒဏ်​ခတ်​မည်။ ကျန်​ကြွင်း​နေ သူ​ဖိ​လိတ္တိ​မှန်​သ​မျှ​လည်း​သေ​ရ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ