Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 24:25

Common Language Bible

ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ယ​ခု​ငါ သည်​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ၊ စိတ်​ကြည်​နူး စ​ရာ​ဖြစ်​သော​ခိုင်​ခံ့​လှ​သည့်​ဗိ​မာန်​တော်​ကို ဖယ်​ရှား​မည်။ သူ​တို့​သည်​ထို​ဗိ​မာန်​တော်​ကို ကြည့်​ရှု​လို​ကြ​၏။ ထို​ဗိ​မာန်​တော်​သို့​သွား ရောက်​လို​ကြ​၏။ သူ​တို့​၏​သား​သ​မီး​များ ကို​လည်း​ငါ​သည်​ရုပ်​သိမ်း​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့် ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။ မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။

သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-

ရိ​ဗ​လ​မြို့​တွင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ ဒ​ကိ​၏​သား​တို့​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ပင်​လျှင်​ကွပ်​မျက်​စေ​လေ​သည်။ ယု​ဒ​မှူး​မတ် တို့​ကို​လည်း​ကွပ်​မျက်​စေ​သေး​၏။-

`ဤ​ဗိ​မာန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏' ဟု ပြော​ဆို​သူ​တို့​၏​မု​သား​စ​ကား​ကို​မ​ယုံ ကြ​နှင့်။

ကိုယ်​တော်​သည်​ငါ​တို့​အား​မြား​တော်​များ​ဖြင့် အ​သင့်​ချိန်​ရွယ်​ကာ​အား​ရ​ရွှင်​လန်း​ဂုဏ်​ယူ ဝါ​ကြွား​ရာ​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​အား ကွပ်​မျက်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​၌​ငါ​တို့​သည်​ကိုယ်​တော်​၏ တောက်​လောင်​သော​အ​မျက်​တော်​ကို​ခံ​စား ရ​ကြ​၏။

ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-

ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။

သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ