Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:8

Common Language Bible

သူ​သည်​မိ​မိ​အ​ပျို​ရည်​ပျက်​ရ​သည့်​အီ​ဂျစ် ပြည်​တွင် စ​တင်​ခဲ့​သည့်​ပြည့်​တန်​ဆာ​အ​လုပ် ကို​ဆက်​၍​လုပ်​၏။ သူ​ငယ်​မ​အ​ရွယ်​က​ပင် လျှင်​ယောကျာ်း​တို့​သည် သူ​နှင့်​အ​တူ​အိပ်​စက် ကာ​သူ့​အား​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​ကျင့် ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-

သို့​ရာ​တွင်​ယေ​ဟု​သည်​ယေ​ရော​ဗောင်​မင်း ကို​အ​တု​ခိုး​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဗေ​သ​လ​မြို့ နှင့်​ဒန်​မြို့​တွင် မိ​မိ​ပြု​လုပ်​ထား​သည့်​ရွှေ နွား​ရုပ်​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​သည့် အ​ပြစ်​ကို​ကူး​လွန်​ခဲ့​၏။-

သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-

အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။

ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-

သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-

(အ​ချင်း​အ​ဟော​လိ​ဗ၊ သင်​သည်​သူ​ငယ်​မ အ​ရွယ်​က​ယောကျာ်း​တို့​သင်​၏​ရင်​သား​တို့ ကို​ပွတ်​နယ်​သ​ဖြင့် အ​ပျို​ရည်​ပျက်​ခဲ့​သည့် အီ​ဂျစ်​ပြည်​တွင်​ကူး​လွန်​ခဲ့​သော​ကာ​မ ဂုဏ်​လိုက်​စား​မှု​ကို​ထပ်​မံ​ကူး​လွန်​လို​ပါ သည်​တ​ကား။)

သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။-

သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။

သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ