ယေဇကျေလ 23:5Common Language Bibleအဟောလသည်ငါ၏ဇနီးပင်ဖြစ်သော်လည်း ပြည့်တန်ဆာအလုပ်ကိုဆက်၍လုပ်ကာ အာရှုရိ ပြည်မှသူ၏ချစ်သူစစ်သူရဲများအတွက် ရာဂစိတ်မွှန်၍နေ၏။- အခန်းကိုကြည့်ပါ။ |
သူသည်အာမောရိပြည်သားတို့ပြုသည့်အတိုင်း ရုပ်တုများကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အလွန်ရှက်ကြောက်ဖွယ်ကောင်းသည့်အပြစ်များ ကိုပြုလေသည်။ အာမောရိပြည်သူတို့ကား ခါနာန်ပြည်သို့ဣသရေလအမျိုးသားတို့ ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ် တော်မူသောသူများဖြစ်သတည်း။)
အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။-
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-